📃Template တွေသုံးကြည့်ရအောင်
Notion သုံးတဲ့အခါမှာ အဆင်ပြေချောမွေ့ဖို့ ရည်ရည်ပြီးတော့ များလှစွာသော Template တွေထဲကမှ starter template အနေနဲ့ ၅ ခုကို Notion account လုပ်တာနဲ့ ရအောင်ထည့်သွင်းပေးထားပါတယ်။ ဒီ၅ ခုကို ဘယ်လိုသုံးရမယ်ဆိုတာကြည့်လိုက်ရအောင်ဗျ
Starter Template များ
Notion ကို sign up လုပ်ပြီးတာနဲ့ ဘေးက sidebar မှာ Template ၅ခုထည့်သွင်းပေးထားပါတယ်။ ကိုယ်နှစ်သက်ရာများကို ထပ်ပြီးထည့်လို့ရသလို မကြိုက်ရင်လဲ ဒါတွေကို အကုန်လုံးဖျက်လိုက်လို့ရပါတယ်ဗျ
ရှိသမျ template တွေကို ဖျက်မယ်ဆိုရင်
Clear templatesကို နှိပ်လိုက်ပါဗျတစ်ခုချင်းစီကို ဖျက်မယ်ဆိုရင်တော့ page name ရဲ့ဘေးမှာရှိတဲ့
•••ကို နှိပ်ပြီးတော့Deleteကို နှိပ်လိုက်ရင်ရပါပြီဗျ

Template တွေဘယ်လိုရှာပြီးသုံးမလဲ
သင်လိုအပ်တဲ့အချိန်တိုင်း Template တွေကို သွားရှာလို့ရပါတယ်ဗျ
sidebar ထဲမှာ
ImportandTrashအပေါ်နားလေးမှာတင် click တစ်ချက်နှိပ်ရုံနဲ့ရနိုင်ပါတယ်

ဒါမှမဟုတ်လဲ page အသစ်တစ်ခု create လုပ်တိုင်း
Templatesထည့်မလားလာမေးပါတယ်ဗျ

ဘာနည်းလမ်းကိုပဲသုံးသုံး template တွေရှိရာ pgae ကို သင်အားခေါ်ဆောင်ပေးသွားပါလိမ့်မယ်ခင်ဗျ
ရှာဖွေရလွယ်ကူအောင်လဲ အသုံးဝင်မှု တွေနဲ့ တကွ စ
ကိုယ့်ရဲ့ workspace ထဲကို မထည့်ခင် ဘာလေးက အဆင်ပြေမလဲလို့ အရင်စမ်းကြည့်လို့ရပါသေးတယ် ကိုယ်ကြိုက်တယ် သုံးမယ်ဆိုမှ
Use this templateကိုနှိပ်လိုက်ပါဗျ

များသောအားဖြင့်ဘယ်လိုသုံးရမယ်ဆိုတဲ့ instruction လဲ ပူးတွဲပါပါတယ်
Database တွေအတွက်ဆိုရင် အပေါ်က description ဆိုတဲ့နေရာမှာရှိနေတတ်ပါတယ်
ရိုးရိုး pgae တွေအတွက်ဆိုရင်တော့ callout box တွေနဲ့ ဖော်ပြထားလေ့ရှိတတ်ပါတယ်
Notion ချစ်သူများကနေ လုပ်ထားတဲ့ Template များလဲရှိပါတယ်
Company ကနေ ပြုလုပ်ထားတဲ့ template များအပြင် Notion ကိုချစ်တဲ့သူတွေကလဲ သူတို့ရဲ့ page တွေကို public အနေနဲ့ တင်ပြီး dulicate ( ကူယူအသုံးပြုနိုင်ရန် ) လုပ်နိုင်ရန် တင်ထားပေးတာတွေလဲရှိပါတယ်
ကမ္ဘာတစ်ဝှမ်းက Notion Community ကပြုလုပ်ထားတဲ့ template ထောင်ပေါင်းများစွာကိုရှိပါတယ်ဗျ ဒီမှာလေ့လာကြည့်လို့ရပါတယ် notion.so/templates →
Last updated
Was this helpful?