အတူတူအလုပ်လုပ်မယ်
Last updated
Last updated
Notion မှာ အတူတူအလုပ်လုပ်လို့ကောင်းအောင်လို့ team ထဲကလူတွေနဲ့ လွယ်ကူလျှင်မြန်စွာပြောဆိုဆက်ဆံနိုင်အောင်Features တွေကိုသေချာတည်ဆောက်ထားပေးတယ်ဗျ — page တစ်ခုတည်းကို အတူတူတွဲပြီး အလုပ်လုပ်တာဖြစ်ဖြစ် worspace တစ်ခုကို အတူတူသုံးတာဖြစ်ဖြစ်ပေါ့ဗျာ။
တစ်ချိန်တည်း တပြိုင်တည်းမှာပဲ page တစ်ခုကို အတူတူ လူအကန့်အသတ်မရှိ edit လုပ်လို့ရတယ်ဗျ
ဘယ်သူက ဒီ page ကို ဝင်ပြီး ပြင်နေတယ်ဆိုတာလဲ သူတို့ ရဲ့ profile ပုံလေးတွေနဲ့ အတူမြင်နေရတယ်
ဘယ်သူကဘယ်နေရာကိုပြင်လိုက်တယ် comment ပေးလိုက်တယ်ဆိုတာကလဲဲချက်ချင်းသင့်စီကို လာပေါ်ပေးတယ်
page ရဲ့ ညာဘက်အပေါ်နားလေးက 🕘
နာရီပုံလေးကိုနှိပ်လိုက်ရင် ဘယ်သူက ဘယ်တုန်းက ဘာတွေပြင်ထားတယ်ဆိုတာတွေ့ရပါလိမ့်မယ်
အသစ်ထည့်လိုက်တာတွေကို အပြာရောင်နဲ့ ပြပြီး
ခဲရောင်နဲ့ ပြပြီး ခြစ်ထားတဲ့ ပုံစံက ဖယ်လိုက် ဖျက်လိုက်တာတွေကို ပြတာပါ
ပြီးတော့ သူတို့တွေဘာကို comment ပေးခဲ့တယ်ဆိုတာလဲ မြင်နိုင်ပါတယ်ဗျ
Notion မှာ အချင်းချင်း ဆက်သွယ်ပြောဆို လို့ရတဲ့ နည်းလမ်းတွေအများကြီး ရှိပါတယ်။ ဒါတွေက teamwork နဲ့ အလုပ်လုပ်တဲ့အခါ အများကြီး အထောက်အကူပြုပါတယ်ဗျ
တစ်ယောက်ယောက်ကို ဒါလေးကြည့်လိုက်ဦးနော်လို့ အသိပေးချင်တဲ့ အခါမှာ
mention ခေါ်ဖို့ အတွက် @
လေးကို နှိပ်ပြီး သူတို့ နာမည်လေးကို page ရဲ့ ဘယ်နားကနေဖြစ်ဖြစ် ခေါ်လို့ရပါတယ်
ချက်ချင်းဆိုသလို သူတို့နာမည်လေးပေါ်လာပြီး enter
နှိပ်လိုက်တာနဲ့
ချက်ချင်းသူတို့ စီကို notification ရောက်သွားပြီး updates
ဆိုတဲ့ နေရာမှာသွားပေါ်နေပါလိမ့်မယ်
comment တွေက page အပေါ်မှာ ရှိတဲ့ အကြောင်းအရာတွေနဲ့ ပက်သက်ပြီးတော့ သင့်ရဲ့ မေးခွန်းတွေ အထင်အမြင် ယူဆချက်နဲ့ အကြံဉာဏ်တွေကို ချန်ထဲခဲ့ဖို့ အကောင်းဆုံးပဲဗျ
page တစ်ခုလုံးကို comment ထားခဲ့ဖို့ဆိုရင် page ရဲ့ ခေါင်းစဉ်ပေါ်က Add comment
ဆိုတဲ့နေရာလေးကိုနှိပ်ပါ
ရေးထားတဲ့စာပေါ်မှာ comment ထားခဲ့ဖို့ဆို့ရင်တော့ စာကို select မှတ်ပြီးတော့ ပေါ်လာတဲ့ menu လေးထဲက Comment
ဆိုတာကို ရွေးချယ်လိုက်ပါ။
ပုံတစ်ခုခု embed လုပ်ထားတဲ့ တစ်ခုခု ဒါမှ မဟုတ် တခြားဘယ်အရာပေါ်မှာ မဆို comment ပေးချင်တယ်ဆိုရင်တော့ block ရဲဘေးနာမှာ mouse နဲ့ တင်လိုက်ရင် ပေါ်လာတဲ့ ⋮⋮
ကို နှိပ်ပြီး Comment ပေးလို့ရပါတယ်
ဒါမှမဟုတ်ကိုယ် သတိထားမိစေချင်တဲ့နေရာမှာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို mention ခေါ်ချလိုက်လို့လဲရပါတယ်ဗျ
Notion ကအချိန်နဲ့ တပြေးညီ အဆက်အသွယ်ရအောင်တည်ဆောက်ထားတာမို့ တစ်စုံတစ်ယောက်က သင့်ကို အကြောင်းကြားဖို့ mention ဒါမှမဟုတ် comment ပေးလိုက်တာနဲ့ သင့်ကို ချက်ချင်း အကြောင်းကြားပေးမှာဖြစ်ပါတယ်
ကိုယ့်ကို အကြောင်းကြားထားတာတွေဖတ်ဖို့ဆိုရင် ဘယ်ဘက်က sidebar ထဲကနေပြီးတော့ Updates
ကိုနှိပ်လိုက်ပါ။ အဲ့နေရာက သင်နဲ့ ဆိုင်သမျှ အကြောင်းကြားမှု တွေအကုန်လုံးကို ကြည့်လို့ရမယ့်နေရာဖြစ်ပါတယ်
သင့်ကို mention ထားတယ်ဆိုရင် အနီရောင် လေးနဲ့ updates ဆိုတဲ့နေရာမှာ မြင်နေရမှာပါ
အဲ့ဒီ update notification ကို နှိပ်လိုက်တာနဲ့ mention လုပ်ထားတဲ့ page နေရာကို ခေါ်ဆောင်သွားပါလိမ့်မယ်ဗျ။