ဆင့်ပွား Page များ
Last updated
Last updated
Notion မှာ Folder ဆိုတာမျိုးမရှိဘူးဗျ။ အဲ့ဒီအစား ကျနော်တော့ က page တွေရဲ့အောက်မှာ ဆင့်ပွား page ( subpage ) တွေ တည်ဆောက်သွားလို့ရပါတယ်ခင်ဗျ
လက်ရှိ စာရိုက်နေတဲ့ page ထဲမှာ ဆင့်ပွား page ထည့်ဖို့ဆိုရင် ကီးဘုတ်ကနေ /page
လို့ရိုက်လိုက်တာနဲ့
ချက်ချင်းဆိုလို အသစ်စက်စက် page တစ်ခုရရှိလာမှာဖြစ်ပါတယ်ဗျ ရလာတဲ့ page ကို အရင်ဆုံး နာမည်လေးပေးပြီးတော့ ကိုယ်ထည့်ချင်တဲ့ content အနဲငယ်ဖြည့်ကြည့်ပါ
ကဲအခု နောက်ကို ပြန် သွားကြည့်လိုက်ရင် မူရင်ရဲ့
ဘယ်ဘက် က menubar ကို sidebar လို့ခေါ်ပြီးတော့ page တစ်ခုနဲ့ တစ်ခု ဆင့်ကဲဆင့်ကဲ ဖြစ်နေတဲ့ folder structure ပေါင်မုန့်စားပြီးရင် အမှုန်ကျဟန်နဲ့ နှိုင်းပြီးပြောတော့ breadcrumbs လို့ခေါ်ပါတယ်ဗျ
ကျနော်တို့တွေ subpage တွေကို ဘေးက sidebar ထဲကနေလဲ တည်ဆောက်နိုင်တယ်ဗျ
sidebar လေးက ကိုယ်မှာ ပေါ်မနေဘူးဆိုရင် ဘယ်ဘက် အပေါ်ဆုံးမှာရှိတဲ့ ≡
ကိုနှိပ်လိုက်ပါခင်ဗျ
လက်ရှိ ရှိနေပြီးသား page ကို sidebar ထဲမှတစ်ဆင့် Mouse လေးနဲ့ သွားတင်လိုက်ရင် ဘေးမှာ +
ခလုတ် လေးပေါ်လာပါမယ်ဗျ အဲ့ဒါကို နှိပ်ပြီးတော့ လဲ subpage ထည့်လို့ရပါတယ်
subpage ထည့်လိုက်တာနဲ့ တပြိုင်တည်းလဲ ဘေးက sidebar ထဲမှာ သူ့ရဲ့ မိခင် page ရဲ့အောက်မှာ page သားသားလေး page မီးမီးလေးအနေနဲ့ တွေ့ရပါလိမ့်မယ်
ဒါ့အပြင် ကိုယ့်ရဲ့ page ရဲ့ ဘယ်လက် အပေါ်နားမှာလဲ breadcrumb ဆိုတဲ့ file လမ်းကြောင်းလေးကိုလဲ မြင်နေရမှာဗျ
ဒါကို ကြည့်ခြင်းအားဖြင့် ကိုယ်အခု လုပ်နေတဲ့ page က ဘယ် မိခင် page ထဲမှာ ရှိနေတယ်ဆိုတာကို အလွယ်တကူသိရှိနိုင်ပါတယ်ဗျ
ဒီနားမှာ ထားထားပြီးရင်ရွှေ့လို့မရတော့ဘူးလို့မထင်ပါနဲ့ဗျ
ကိုယ့်ရဲ့ ကိုယ်ပိုင် workspace လေးမို့ ကိုယ်စိတ်ကြိုက် ပုံဖော်နိုင်ပါတယ်
subpage ဖြစ်နေတဲ့ page လေးကို , click လုပ်ပြီး ဆွဲယူလာရုံနဲ့ သူကို ပင်မ page ရဲ့အောက်ကနေ ဆွဲထုတ်ပြီး main page လုပ်လိုက်လို့ရပါတယ်
အလာတူပဲ ပင်မ page ကိုလဲ subpage ဖြစ်အောင် click and drag လုပ်ပြီး ပြောင်းလဲလို့ရပါတယ်ဗျ