🧱Block တုံးတွေဆိုတာဘာလဲ

Notion ရဲ့ block တွေကို ကလေးတွေဆော့တဲ့ LEGO အတုံးတွေလို့မြင်ကြည့်ပါ
သင်ဆောက်လုပ်ချင်တဲ့ စိတ်ကူးထဲကပုံစံကို Block တုံးလေးတွေလိုသလိုဆင့်ပြီး လိုချင်တဲ့ ပုံစံကို အကောင်အထည်ဖော် တည်ဆောက်လို့ရတယ်လို့ ရတဲ့ အိမ်မက်ဆောက် ပစ္စည်းလေးတွေလို့ သဘောထားကြည့်ပေးပါ
Notion ထဲကရှိသမျှအားလုံးက “Block” တုံး
Notion ထဲကိုဝင်ပြီး ပထမဆုံး page တစ်ခုမှာ စာတစ်ကြောင်းရိုက်လိုက်တာနဲ့ အဲ့ဒါက text block ပါပဲဗျ . Notion ထဲမှာ စာရေးတဲ့ Text block မက သုံးလို့ရတဲ့ Block တွေ အများကြီးမှ အများကြီးရှိ ပါသေးတယ်ဗျ
page ထဲမှာ ထည့်လိုက်သမျှ - text ( စာလုံး) , image (ရုပ်ပုံ) , table ( ဇယား ) အစရှိတာတွေအားလုံကို အစီအရီထည့်ပြီး ပေါင်းစပ်လို့ ရတဲ့ အိမ်မက်ဆောက် ပစ္စည်းလေးတွေလို့ မြင်ကြည့်ပါ
ဒီမှာတော့ ဥပမာ အနေနဲ့ မတူညီတဲ့ block လေးတွေပေါင်းစပ်တည်ဆောက်ထားတဲ့ Page တစ်ခု ကို ကြည့်ကြည့်လိုက်ပါဗျ

Block လေးတွေက ပြောင်းလဲလို့ရတယ်
ဘယ် block မဆို လက်ရှိ ရှိနေတဲ့ Block ကနေ ကိုယ့်အတွက် ပိုအသုံးတည့် အဆင်ပြေမယ့် အခြား block အမျိုးအစား တစ်ခုကို transform ( ပြောင်းလဲ ) လို့ရပါတယ်ဗျ
စမ်းကြည့်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ block တုံးရဲ့ ဘယ်ဘက် ဘေးနားလေးမှာရှိတဲ့ ⋮⋮
symbol လေးကိုနှိပ်ပြီး ပြောင်းလဲနိုင်ပါတယ် အဲ့ဒါကို "block handle" လို့ခေါ်ပါတယ်ဗျ
နှိပ်လိုက်လို့ ပေါ်လာတဲ့ menu ထဲကနေ Turn into
ကိုရွေးချယ်လိုက်ရင် လက်ရှိ block ကနေ နောက်ထပ် တစ်မျိုးကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ လက်တွေ့စမ်းကြည့်ပါဗျ

Block တွေကပြန်စီစဉ်လို့လဲရတယ်
ခုဏ ကပြောခဲ့တဲ့ ⋮⋮
block handle လေးကို drag and drop (ဖိပြီး ဆွဲယူ) ရုံဖြင့် လက်ရှိရှိနေတဲ့ blocks တွေကို စိတ်ကြိုက် စီစဉ်တကျ တည်ဆောက် ထားလိုက်လို့ရပါတယ်ဗျ .

ဒီတော့ ကိုယ့်ကိုယ်ပိုင် အိမ်မက် ကမ္ဘာလေးကို ကိုယ်တိုင်တည်ဆောက်နေတာနဲ့ တူတူပဲပေါ့ဗျာ
Notion ကပေါ့ပါးပြီး powerful ဖြစ်တယ် လုပ်ချင်တာတွေဖြစ်ချင်တာတွေကို block တွေကနေ လိုသလိုဖန်တီးပုံဖော်နိုင်တာမို့ အသင့်တော်ဆုံး tools တစ်ခုကို မြင်ပါတယ်
Last updated
Was this helpful?