📤Page တွေကိုမျှဝေမယ်

ကိုယ်ဖန်တီးတည်ဆောက်ထားတဲ့ page တွေကို တစ်စုံံံံတစ်ဦးနဲ့ဖြစ်စေ ၊ ကိုယ်ရဲ့ team ကိုဖြစ်စေ ၊ internet ပေါ်ကလူတိုင်းကိုဖြစ်စေ မျှဝေပေးလို့ရပါတယ်ဗျ။ ဘယ်လို့ share 🗣ရမယ်ဆိုတာကြည့်လိုက်ရအောင်ဗျ
တစ်ယောက်သောသူကိုသာ Share မယ်
ကိုယ့်ရဲ့ workspace ထဲကသူဖြစ်ဖြစ် workspace အပြင်ကသူဖြစ်ဖြစ် ကိုယ်ဖန်တီးထားတဲ့ page လေးကို ဖိတ်ခေါ်ပြလို့ရပါတယ်
Sidebar ထဲက
Privatepage လေးတွေနဲ့ စတင်ကြည့်ရအောင်ဗျကိုယ် shareလုပ်ချင်တဲ့ page ကိုဝင်ပြီး ညာဘက် အပေါ်ဆုံးမှာပေါ်နေတဲ့
Shareကိုနှိပ်ပါပြီးရင်
Add peopleကိုနှိပ်ပါကိုယ်ဖိတ်ကြားချင်တဲ့သူရဲ့ email address ကိုနှိပ်ပြီးတော့ ဖိတ်လို့ရပါတယ်ဗျ
ပြီးရင်သူ့ကို ဒီ page ကိုဘယ်လောက်ထိ access ပေးမှာလဲရွေးလို့ရပါတယ်ဗျ (ဥပမာ full access လား , ကြည့်လို့ရရုံပဲလား ,comment ပေးလို့ရမှာလား ) စသည်ဖြင့်ရွေးချယ်ပြီးရင်
inviteကိုနှိပ်လိုက်ပါ

အကယ်ရျ် ကိုယ် invite လုပ်လိုက်တဲ့သူက ကိုယ့်ရဲ့ workspace member မဟုတ်ဘူးဆိုရင် သူတို့က guest အနေနဲ့ရောက်လာပါလိမ့်မယ်
အကယ်ရျ် ကိုယ် invite လုပ်လိုက်တဲ့သူက workspace member ဖြစ်နေပြီးသားလူဆိုရင်တော့ သူတို့ရဲ့ profile picture လေး invite menu ထဲမှာ ပေါ်လာပြီးတော့ paged က
Sharedဆိုတဲ့ sidebar menu ထဲမှာ ပေါ်လာပါလိမ့်မယ်
ကိုယ့်ရဲ့ Team ထဲကလူတွေနဲ့ share မယ်
တကယ်လို့များ ကိုယ့်ရဲ့ Notion ထဲမှာ လူတွေအများကြီးနဲ့အတူတူ အလုပ်လုပ်ရတယ်ဆိုရင် ရှိသမျှလူတွေကို အမြန် share လို့ရတယ်ဗျ။ လုပ်လို့ရတဲ့ နည်းလမ်းတွေတော့ အများကြီးရှိတယ်
workspace ထဲကရှိသမျှလူတွေနဲ့ share မယ်ဆိုရင် - ညာဘက်အပေါ်ဆုံးဒေါင့်မှာရှိတဲ့
Shareကိုနှိပ်ပြီးတော့Everyone at [workspace name]ကိုရွေးပြီးတော့ share လိုက်လို့ရပါတယ်။ တစ်ယောက်ချင်းစီကိုလဲ ဘယ်လို access တွေပေးရမယ်ဆိုတာကို ရွေးချယ်ပေးလို့ရပါသေးတယ် ။ ဥပမာအနေနဲ့ everyone ကို edit အစားCan viewလို့ထားလိုက်ရင်သူတို့ ဝင်ပဲကြည့်လို့ရပြီး ပြင်လို့တော့မရဘူးပေါ့Page တစ်ခုကို ကိုယ့်ရဲ့ sidebar ထဲက teamspace ထဲ မှာ ဖန်တီးပြီးလဲ share လို့ရတယ်။ အဲ့လို page ဖန်တီးလိုက်တယ်ဆိုရင် ကိုယ့်ရဲ့ workspace ထဲမှာ ရှိသမျှလူအကုန်လုံးအဲ့ page ကိုတန်းပြီး access လုပ်လို့ရသွားတယ် ( နောက်ပိုင်းမှာ teamspace တွေအကြောင်းပိုပြောပြပေးပါမယ် )
private page ကို teamspace ထဲကို ဆွဲထည့်လိုက်လို့လဲရတယ် - အဲ့ဒါဆိုရင်လဲ အလိုလို share ပြီးသားဖြစ်သွားပါလိမ့်မယ်

Page ရဲ့ link ကို share လို့လဲရတယ် - Notion ထဲမှာ ရှိတဲ့ page တိုင်းမှာ သီးသန့် link လေးတွေရှိတယ်။ အဲ့ဒီ link တွေကိုကျနော်တို့ တခြား platform တွေမှာ ပြန် share ပေးလို့ရတယ်။ ညာဘက်အပေါ်ဆုံးဒေါင့်နားက
shareကိုနှိပ်ပြီးတော့Copy Page Linkကိုရွေးပြီး share လို့ရပါတယ်ဗျ
Internet တစ်ခုလုံးနဲ့ share မယ်
သင်မသိသေးရင်ပြောပြပါဦးမယ် Notion ကပေါ့ပါးမြန်ဆန်လွန်းလို့ ကိုယ့်ရဲ့ personal website အနေနဲ့ share လို့ရတာဗျ။ ကိုယ့်ရဲ့ CV တွေ Portfolio တွေရော design file တွေကိုရော code တွေရော နောက်ဆုံး course တွေကိုတောင် Notion မှာတင်ပြီး website အနေနဲ့ internet တစ်ခုလုံးပေါ်ကလူတွေစီကို share ပေးလို့ရတယ်
ညာဘက်အပေါ်ဆုံးဒေါင့်မှာရှိတဲ့
Shareကိုနှိပ်ပြီးတော့Share to webဆိုတာလေးကို နှိပ်လိုက်တာနဲ့ တပြိုင်နက် Public URL လေးရလာပြီး internet ပေါ်ကရှိသမျှလူတိုင်း ကြည့်လို့ရတဲ့ website လေးဖြစ်သွားပါပြီဗျအဲ့ဒီ page အောက်မှာ ရှိသမျှ sub page တွေကိုလဲ အလိုလျောက် access လုပ်လို့ရသွားမှာဖြစ်ပါတယ်
ကဲအခုဆိုရင်တော့ ဘယ်သူကိုမဆို
copy linkလေးနှိပ်ပြီး share လို့ ရသွားပြီပေါ့ဗျာ

Last updated
Was this helpful?