🗃️Database တည်ဆောက်မယ်

အခုကျနော်တို့အတူတူ database တစ်ခုကိုတည်ဆောက်ရင်း Database ရဲ့ property တွေ view တွေ filter တွေ နဲ့ sort လုပ်နည်းတွေကို လဲ စမ်း သပ်ကြည့်ရအောင်ဗျ
Table တစ်ခုတည်ဆောက်ကြည့်ရအောင်
အရင်ဆုံး Page အသစ် တစ်ခုကိုဖန်တီးပြီးတော့
Tableကိုရွေးလိုက်ပါညာဘက်ထိပ်ဆုံးမှာ ရှိတဲ့ Name ဆိုတဲ့ column လေးကတော့ ကိုယ့် database ထဲမှာထည့်မယ့် page တွေရဲ့နာမည်ကိုဖြည့်ရတဲ့နေရာလေးပါဗျ
နောက်ထပ်ဘေးက column တွေနဲ့ ထပ်ပြီးထည့်မယ့် column တွေကိုတော့ Notion မှာ property တွေလို့ခေါ်ပါတယ်

Property တွေရဲ့ ထိပ်ဆုံးက ခေါင်းစဉ်လေးကို နှိပ်ပြီးတော့ ပေါ်လာတဲ့ menu ထဲကနေ
Property typeတွေပြောင်းလဲရွေးချယ်လို့ရပါတယ်။

Add data to your table
ဥပမာ အနေနဲ့ ကျနော်တို့ task database လေးလုပ်ကြည့်ပါမယ်
ကိုယ်လုပ်ရမယ် tasks တွေကို
Namecolumn မှာ ထည့်ပါTagscolumn ကိုတော့ multi-select property ကိုအသုံးပြုပြီး priority လေးတွေသတ်မှတ်လို့ရအောင် .P1,P2,P3လေးတွေကိုထည့်ကြည့်ပါမယ်ဗျ

နောက်ထပ် property အသစ်ထပ်ပြီးထည့်ဖို့အတွက်
Tagsရဲ့ဘေးနားလေးက+လေးကိုနှိပ်လိုက်ပါပြီးရင် Due Date လို့နာမည်ပေးပြီးတော့
Property typeကိုDateလို့ရွေးချယ်လိုက်ပါဗျ။ ဒါဆိုရင်အခုDue Dateအောက်က အကွက်လေးကိုနှိပ်လိုက်တာနဲ့ date picker လေးပေါ်လာတာကိုတွေ့ရပါမယ်

Database ထဲက row တွေကို page အနေနဲ့ဖွင့်ကြည့်မယ်
Database ထဲက row တစ်လိုင်းစီက page တစ်ခုစီဖြစ်နေတာမို့ page တွေထဲမှာ ကိုယ်လိုချင်တာတွေကို လိုသလောက်ထပ်ပြီးထည့်လို့ရတယ်ခင်ဗျ
အခုလုပ်ထားတဲ့ Task ဆိုတဲ့ database ထဲမှာဆိုရင် page တစ်ခုချင်းစီရဲ့အောက်မှာ သက်ဆိုင်ရာ task တွေနဲ့ ဆိုင်တဲ့ အရာတွေထည့်လို့ရတယ်
row တစ်ခုကို Page အနေနဲ့ဖွင့်ကြည့်ချင်တယ်ဆိုရင်
Namecolumn ပေါ်မှာ Mouse လေးကိုသွားတင်ပြီးတော့OPENကိုနှိပ်လိုက်ရင် ဒီလိုလေးပေါ်လာပါလိမ့်မယ်ဗျ

ဒီနေရာကနေပြီးတော့ page ထဲမှာပါစေချင်တဲ့ detail information အပြင် ကျနော်တို့ Property တွေထပ်ထည့်တာတို့ ရှိပြီး သား property တွေကို အမျိုးအစားပြောင်းတာတို့အကုန်လုပ်လို့ရပါတယ်ဗျ

Database View အသစ်တွေဖန်တီးမယ်
တူညီတဲ့ data တွေထည့်ထားတဲ့ တူညီတဲ့ database ကိုမတူညီတဲ့ပုံစံ View တွေနဲ့ ကြည့်လို့ရပါတယ်ဗျ။ အခုလက်ရှိိ database ကို board တစ်ခုအနေနဲ့ပြတာဖြစ်ဖြစ်၊ Calendar အနေနဲ့ပြတာဖြစ်ဖြစ် ၊ List အနေနဲ့ပြတာဖြစ်ဖြစ် အချိန်မရွေးပြောင်းလဲလိုရပါတယ်ဗျ
table ရဲ့ ဘယ်လက် အပေါ်ဆုံး ဒေါင့်မှာရှိတဲ့
+လေးကိုနှိပ်လိုက်ပါကိုယ့်ရဲ့ view အသစ်ကိုနာမည်ပေးပြီးတော့
Boardကိုရွေးချယ်လိုက်ပါဒီလိုဆိုင် table ထဲကရှိတဲ့ page တွေကို board တစ်ခုပေါ်မှာ card အနေနဲ့ပြပြီးတော့ tag အမျိုးအစားပေါ်လိုက်ပြီး စီပေးထားတာကိုတွေ့ရပါလိမ့်မယ်။ card တစ်ခုစီကို နှိပ်ကြည့်ရင်လဲ page အနေနဲ့ပွင့်လာမှာဖြစ်ပါတယ်ဗျ။ ခုဏက database ကိုပဲ မတူညီတဲ့ တင်ဆက်မှု ပုံစံအသစ်ပြောင်းသွားတာပါ

Data တွေကို Filter လုပ်မယ် Sorting လုပ်မယ်
Filter လုပ်ထားပြီး ကြည့်ရင် ရှုပ်နေတဲ့ data တွေတောင်ရှင်းသွားပါတယ်။ ကိုယ်လိုချင်တာမြင်ချင်တာကိုပဲ ရွေးပြခိုင်းတာကို Filter လုပ်တယ်လို့ခေါ်ပါတယ်ဗျ
Table ရဲ့ ထိပ်ဆုံးက
Filterဆိုတာလေးကိုနှိပ်ပြီး ပေါ်လာတဲ့ အထဲကတွေးတာဖြစ်ဖြစ်+ Add advanced filterဆိုပြီး filter ထည့်လို့ရပါတယ်ဗျကိုယ်နဲ့ ကိုက်ညီမည့် အမျိုးအစားကိုရွေးချယ်လိုက်ပါ
ဘယ် property နဲ့ filter လုပ်မယ်ဆိုတာကိုအရင်ရွေးပါ
ဒီမှာတော့
Tagsဆိုတဲ့ property ကိုရွေးပြီးတော့P1လို့ ရွေးပေးလိုက်ရင် အဲ့ဒါက p1 ပါတာကိုသာဖော်ပြပါလို့ အဓိပ္ပါယ်ရပါတယ်ဗျ

Sorting လုပ်တာကကျနော်တို့ကို data တွေရှာတဲ့အခါအများကြီး အထောက်အကူပြုတယ်ဗျ ကိုယ့်ရဲ့ data တွေကို priority , date, tags အစရှိတာတွေနဲ့ sorting လုပ်လို့ရပါတယ်
table ရဲ့ထိပ်ဆုံးမှာရှိတဲ့
Sortကိုနှိပ်ပြီးတော့ ကိုယ် sorting လုပ်ချင်တဲ့ အမျိုးအစားကိုရွေးချယ်လို့ရပါတယ်ဥပမာ
Due Dateကိုရွေးပြီးတော့Ascendingလို့ရွေးလိုက်ရင် အနီးဆုံးနေ့ရက်ကနေ အဝေးဆုံးနေတွေထိိ data တွေကို စီပေးသွားတာတွေ့ရပါလိမ့်မယ်ဗျ

ပြောင်းလဲမှုများကို ချက်ချင်းတွေ့ရပါလိမ့်မယ်ဗျ ။ ဒီနည်းအားဖြင့် database ထဲမှာစီမံခန့်ခွဲမှုများကိုလိုသလိုပြုလုပ်နိုင်ပါတယ်
Last updated
Was this helpful?