📃Page အသစ်ထည့်နည်း
Notion ထဲမှာ page အသစ်တစ်ခုကို ဖန်တီးလိုက်တာနဲ့ အဲ့ဒါက သင်လိုရာဆွဲနိုင်တဲ့ ကားချပ် တစ်ခုလို့ ကိုယ်ကြိုက်တဲ့ Content အမျိုးအစားတွေနဲ့ ကိုယ်ပုံဖော်ချင်သလို ဖန်တီးပုံဖော်လို့ရတယ်
Page တစ်ခုထည့်မယ်
Notion ထဲမှာ page တစ်ခု ထည့်လို့ရတဲ့နည်းတွေကတော့
ဘေးက sidebar ရဲအောက်ခြေနားက ,
+ New page
ကိုနှိပ်ပြီးတော့ဖြစ်ဖြစ်ဒါမှမဟုတ် keyboard ကနေ shortcut ဖြစ်တဲ့
cmd/ctrl
+N
ကို နှိပ်ပြီးတော့ဖြစ်ဖြစ် ထည့်လို့ရပါတယ်ဗျ

အသစ်စက်စက် page တစ်ခုပေါ်လာမှာဖြစ်ပြီး ကြိုတင်တည်ဆောက်ထားတဲ့ template အချို့နဲ့ ရွေးချယ်စရာအချိုကိုလဲတွေ့ရမှာဖြစ်ပါတယ်
လောလာဆယ်မှာတော့ page လေးကိုနာမည်လေးပေးပြီး တော့
enter
နှိပ်ချလိုက်ပါဗျ ဒါဆိုရင် page အသစ်တစ်ခုရလာပါဲပြီ

စာရေးရအောင်
ကျနော်တို့ keyboard ကနေစာတွေရိုက်လိုက်တာနဲ့ ခုဏက ပေါ်နေတဲ့ရွေးချယ်စရာတွေက ပျောက်ကွယ်သွားပြီး ကျနော်တို့ အတွေးတွေနဲ့ ကျနော်တို့အတွက် သိီးသန့်အခိုက်အတန့်လေးကို ရရှိသွားမှာဖြစ်ပါတယ်
ကိုယ်ရေးထားတဲ့ စာလုံးတွေကို select လုပ်လိုက်တာနဲ့ menu လေးပေါ်လာမှာဖြစ်ပြီးတော့ ကျနော်တို့ရေးနေတဲ့ text တွေကို bold, italics , underlines စတာတွေလုပ်လိုရမှာဖြစ်ပါတယ်

Slash Commend ကိုသုံးကြည့်ပါ
ဒီ /
command လေးက သင့်ရဲ့ Notion အသုံးပြုတဲ့ ခရီးစဉ်မှာ သင့်အတွက် အဖော်မွန်ကောင်းဖြစ်လာပါလိမ့်မယ်ဗျ
/
လေးကို နှိပ်လိုက်တာနဲ့ ထည့်လို့ရမယ့် block အမျိုးအစား menu ပေါ်လာမှာဖြစ်ပြီးတော့ ကျနော်တို့လိုသလို တည်ဆောက်လို့ရဖို့ အတွက် လမ်းပြပေးပါလိမ့်မယ်/
ကို နှိပ်ပြီး ပေါ်လာတဲ့ menu ထဲက ရွေးလို့ရသလို block အမျိုးအစားတွေ့ရဲ့ နာမည်နဲ့လဲ ခေါ်ယူ အသုံးပြုနိုင်ပါတယ်ဗျ . ဥပမာအနေနဲ့ဆိုရင်/h1
လို့ရေးလိုက်တာနဲ့ ခေါင်းစဉ် အကြီးကြီး ( Large heading ) ပေါ်လာမှာဖြစ်ပြီး/todo
လို့ရေးလိုက်တာနဲ့ checkbox လေးတွေပေါ်လာမှာဖြစ်ပါတယ်ဗျ

Last updated
Was this helpful?