Database ဆိုတာဘာလဲ
Last updated
Was this helpful?
Last updated
Was this helpful?
Database တွေဟာ Notion ထဲမှာ ကိုယ့်ရဲ့ page တွေကို သိမ်းဆည်််းမှု လုပ်တာရော စီမံခန့်ခွဲမှု လုပ်တာရော အတွက် အဓိကကျတဲ့ နေရာကနေပါဝင်ပါတယ်ခင်ဗျ ။ ကဲဒီတော့ Database တွေသုံးပြီးတော့ ဘယ်လိုမျိုး ကိုယ့်ရဲ့ workspace ကို ဘယ်လိုအဆင့်မြင့်ရမယ်ဆိုတာကို ကြည့်လိုက်ရအောင်ခင်ဗျ
Database ဆိုတာကို စာရွက်တွေအများကြီးထည့်ထားတဲ့ ဘီဒိုကြီး တစ်ခုလို့မြင်ကြည့်ပါ။ ဘီဒိုတစ်လုံးစီက မတူညီတဲ့ page တွေအများကြီးကို အစီအရီ ကျကျ format တစ်ခုတည်းဖြစ်သွားအောင် ထည့်သွင်းလို့ရတယ်လို့ရပါတယ်။ အောက်က ပုံထဲမှာဆိုရင် “Roadmap” ဆိုတဲ့ database ကိုနမူနာပြထားပါတယ် အဲ့ထဲက row တစ်ခုချင်းစီက page တစ်ခုကို ကိုယ်စားပြုပါတယ်ဗျ။
ဒါ view ကနေဆိုရင် ရှိသမျှ database ထဲက page တွေကို တပြိုင်တည်းမြင်နေရမှာဖြစ်ပြီးတော့ page တစ်ခုချင်းစီကို ဝင်ပြီး ကြည့်မယ်ဆိုရင်တော့ နာမည်ပေါ်ကို နှိပ်လိုက်တာနဲ့ အခုလိုမျိုး Detail တွေကို တွေ့ရမှာဖြစ်ပါတယ်ဗျ။
ဟုတ်တယ်ဗျ Database ကလဲ page ကြီးတစ်ခုပါပဲ ဒါကြောင့်သူ့ကိုလဲ တစ်ခြား page တွေလိုမျိုး ရွှေပြောင်းတာတွေ တစ်ခြား page အောက်မှာ ဆင့်ပွား page အနေနဲ့လဲသွားရောက်ပြီးတော့ ထားလို့ရပါတယ်ဗျ။
property ဆိုတာတာ အမျိုးအစားခွဲခြားသတ်မှတ်််််််််လို့ရတဲ့ system ကိုပြောတာခင်ဗျ။ page တွေကိုမှတ်တဲ့အခါမှာ နာမည်နဲ့တင်မဟုတ်ပဲ ဘာအမျိုးစား ဘာlabel တွေနဲ့ တွဲပြီးမှတ်မလဲဆိုတာကို ရွေးချယ်လို့ရတဲ့ သတ်မှတ်ချက်ပါခင်ဗျ။
အဲ့လိုခွဲမှတ်ထားရင် ပြန်ရှာတဲ့အခါမှာရော ကိုယ်လိုချင်တာတွေကိုသီးသန့်ရွေးထုတ်တဲ့အခါမျာရော property တွေက အရမ်းကို အသုံးဝင်ပါတယ်
Notion ထဲက Database တွေက ဇယားကွက်ပုံစံ တစ်ခုတည်းပြခိုင်းလို့ရတာတော့မဟုတ်ဘူးခင်ဗျ သူတို့ကို တင်ပြတဲ့ပုံစံတွေအများကြီးရှိတယ် အဲ့ဒါကို database view လို့ခေါ်တယ်ဗျ
ဘာ view တွေရှိလဲဆိုရင်တော့ ရှိနေပြီးသား page တွေကို list ပုံစံနဲ့ တန်းစီပြီပြခိုင်းလို့ရတယ်, board ပုံစံနဲ့ ပြခိုင်းလို့ရတယ်, Calender ပုံနဲ့လဲဲဘယ်နေ့မှာ ဘယ် page တွေလုပ်စရာရှိတယ်ဆိုတာမျိုးပြခိုင်းလိုလဲရတယ် , project တွေအတကွက်ဆိုရင် timeline အနေနဲ့လဲပြခိုင်းလို့ရတယ် အဲ့ထဲမှာ ကျနော် အကြိုက်ဆုံးကတော့ gallery view ပါဗျ